အင်ဒီယာနာပိုလစ်မြို့ရှိ မြန်မာခရစ်ယာန်များ နိုင်ငံရပ်ခြားသို့ ထွက်ခွာအခြေချ နေထိုင်ကြသည့် လူမှုအသိုင်းအဝိုင်း တစ်ခု၏ပုံရိပ်ဖော်ပြမှု။
By Dr. David C. Chao, Director of the Center for Asian American Christianity, and translated into Burmese by Maung Bandu.
This is a Burmese translation of David Chao’s community portrait of the Burma Christian Diaspora in Indianapolis. The English version can be found here.
ဤအစီရင်ခံစာသည်၊ ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ပြည်ပရောက် မြန်မာခရစ်ယာန် သမိုင်းဆိုင်ရာ ညီလာခံအတွက် ပြင်ဆင်မှုအဖြစ် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သော သုတေသနခရီးစဉ်အတွင်း အင်ဒီယာနာပိုလစ်မြို့ရှိ ပြည်ပရောက် မြန်မာခရစ်ယာန် အသိုင်းအဝိုင်းမှ ရပ်ရွာခေါင်းဆောင်များ၊ သင်းအုပ်ဆရာများနှင့် အဖွဲ့အစည်းဆိုင်ရာ ဝန်ထမ်းများစွာတို့နှင့် ဆွေးနွေးမှုများမှ ကောက်နုတ်တင်ပြထားပါသည်။ အများပြည်သူ ရရှိနိုင်သော စာရင်းအင်းများသည် အင်ဒီယာနာပိုလစ်ရှိ မြန်မာဒုက္ခသည်များနှင့် အခြားအာရှမှ အမေရိကသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ဒုက္ခသည်လူဦးရေတို့၏ သီးခြားအတွေ့အကြုံများကို လုံလောက်စွာ ဖမ်းမိယူနိုင်ရန်ခက်ခဲသောကြောင့် ဒေတာအချက်အလက် မညီမျှမှု၏နောက်ခံတွင်ရှိသည့် ကိန်းဂဏန်းခန့်မှန်းချက်များဟူ၍ မှတ်ယူ ဖတ်ရှုသင့်ပါသည်။
လူဦးရေနှင့် အခြေချနေထိုင်မှုပုံစံများ။
အင်ဒီယာနာပိုလစ်မြို့သည် အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် ဗဟိုဌာနများထဲမှ အကြီးဆုံးတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ရပြီး မြန်မာနိုင်ငံမှ လူဦးရေ ၃၅၀၀၀ မှ ၄၀၀၀၀ ခန့် (အများစုမှာ ချင်းလူမျိုးများ)တို့သည် မြို့၏တောင်ဘက်ခြမ်းတွင် အဓိကနေထိုင်ကြသည်။ အင်ဒီယာနာပြည်နယ် ဖို့တ်ဝိန်းမြို့တွင် မြန်မာနိုင်ငံမှ လူဦးရေ ၁၅၀၀၀ မှ ၂၀၀၀၀ ခန့်အထိ ပါဝင်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကာ ဤကြီးမားလှသော ပြန်လည်နေရာချထားမှုသည် အင်ဒီယာနာပိုလစ်မြို့ကို အမေရိကရောက် မြန်မာဒုက္ခသည်ဘဝ၏ အဓိကဗဟိုချက် အခရာအဖြစ် ပြောင်းလဲစေခဲ့သည်။
လူမှုအသိုင်းအဝိုင်း၏ လူမျိုးစုဖွဲ့စည်းပုံသည် မြန်မာနိုင်ငံ၏လူမျိုးများ ကွဲပြားမှုကို ထင်ဟပ်စေသည်။ ချင်းလူမျိုးများသည် အများစုဖြစ်သော်လည်း မြို့၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ကရင်နှင့် ကရင်နီလူဦးရေ ၃၀၀၀ မှ ၅၀၀၀ ခန့်ရှိသည်။ ရိုးရာဆိုရိုး စကားများအရ သမိုင်းဝင် ဆက်နွယ်မှုများရှိသော ချင်းလူမျိုးများထဲတွင် ကချင်အသိုင်းအဝိုင်းသည် လူဦးရေ ၅၀၀ မှ ၁၀၀၀ အထိနည်းပါး ပါဝင်နေသေးသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပြီးတွင် လူဦးရေဖွဲ့စည်းပုံသည် ဗမာလူမျိုးများအပြင် မွန်နှင့်ရခိုင်လူမျိုးများအပါအဝင် ဗုဒ္ဓဘာသာအများစုနေထိုင်သော တိုင်းရင်းသားအသိုင်းအဝိုင်းများမှ ရွှေ့ပြောင်းနေထိုင်သူအသစ်များ ရောက်ရှိလာကြခြင်းကြောင့် ပြောင်းလဲမှုရှိလာခဲ့ရပြီး ယခင်က ခရစ်ယာန်များလွှမ်းမိုးသော ဒုက္ခသည်စီးဆင်းမှုမှာ သိသာထင်ရှား မြင်သာသော ပြောင်းလဲမှုကြီး တစ်ခုဖြစ်ခဲ့သည်။
အမှတ်အသားလက္ခဏာနှင့် အမည်တပ်ခြင်းဆိုင်ရာ နိုင်ငံရေး သဘောထား။
ဤလူမှု အသိုင်းအဝိုင်းကို ဖော်ပြရန်အသုံးပြုသော ဝေါဟာရသည် နိုင်ငံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အရေးပါမှု မြောက်များစွာရှိသည်။ ဒုက္ခသည်များစွာသည် “ဗမာလူမျိုး” ဟူသော ဝေါဟာရသည် ၎င်းတို့၏ သမိုင်းဝင် နှိပ်စက်ညှဉ်းပန်းသူများကို ကိုယ်စားပြုထားသောကြောင့် ငြင်းပယ်ကြသည်။ လူမျိုးစုခေါင်းဆောင်များသည် ပွဲတော်ကြီးများနှင့် အဖွဲ့အစည်းတို့အတွက် “ဗမာ(မြန်မာ)ခရစ်ယာန်” အစား “ဗမာ(မြန်မာ)ခရစ်ယာန်ဒိုင်ယာစပိုရာ” ကို အသုံးပြုရန် အပြောင်းအလဲမရှိ တစ်သမတ်တည်း အကြံပြုကြသည်။ အဘယ်ကြောင့်ဆိုသော်၊ ဤဝေါဟာရသည် နှိပ်စက်ညှဉ်းပန်းသည့် လူများစုနှင့် ဆက်စပ်မှုကို ရှောင်ရှားပြီး သာတူညီမျှသော ဇာတိသဘာဝကို အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။
ဤဘာသာစကားနှင့် လူမျိုးရေးဆိုင်ရာ အထိမခံနိုင်ခြင်း အတွင်းကျကျနက်ရှိုင်းမှုကို ဆေးဘက်ဆိုင်ရာ စကားပြန်သူ တစ်ဦး၏အဖြစ်အတွေ့အကြုံကို ရပ်ရွာခေါင်းဆောင်တစ်ဦးက သရုပ်ဖော်ထားသည်။ အရေးပေါ်ခန်းတွင် သွေးယိုနေပြီး အရေးပေါ်စောင့်ရှောက်မှု လိုအပ်နေသော သက်ကြီးရွယ်အို ကရင်လူနာတစ်ဦးသည်၊ “ဗမာ” စကားပြန်အဖြစ် မိတ်ဆက်ပေးခံလာရသောအခါ ၎င်း၏အကူအညီကို ငြင်းဆန်ခဲ့ပြီး “ထွက်သွား” ဟုပြောကာ “ဗမာစကားကို ကျွန်တော်မကြိုက်ဘူး။ ဗမာစကားပြန် မလိုအပ်ဘူး” ဟု ပြောခဲ့သည့် အဖြစ်အပျက်ကို သူပြန်ပြောပြခဲ့သည်။ စကားပြန်က သူ့ကိုယ်သူ ဗမာလူမျိုးမဟုတ်ဘဲ ချင်းလူမျိုးဟု ဖော်ပြမှသာ လူနာသည် အကူအညီကို လက်ခံနိုင်မည်ဖြစ်သည်။ ဤငြင်းပယ်မှုသည် ဘုရားကျောင်းမီးရှို့ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျောင်းများတွင် မိခင်တိုင်းရင်းသား ဘာသာစကားများကို တားမြစ်ခြင်းနှင့် အဓမ္မလုပ်အားပေးရန် စေခိုင်းခြင်းတို့ အပါအဝင် နှစ်ပေါင်းခုနစ်ဆယ်ကျော် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုထဲ၌ ကြာရှည်စွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာကို ထင်ဟပ်စေသည်။ ယင်းသမိုင်းကြောင်းကို ရပ်ရွာခေါင်းဆောင်များစွာက ခရစ်ယာန်တိုင်းရင်းသား လူနည်းစုများ၏ ဒုက္ခသည်ဘဝများ အဘယ်ကြောင့် ဖြစ်ပေါ်လာရသည်ကို ဖော်ပြရာကြတွင် လွတ်လပ်စွာဖြင့် အတည်ပြုခဲ့ကြသည်။
ဘာသာရေးအခြေခံ အဆောက်အအုံဖြစ်သည့် လူမှုအသိုင်းအဝိုင်း အခြေခံအုတ်မြစ်။
ပြည်ပရောက် မြန်မာ့ခရစ်ယာန် အုပ်စုသည်၊ အင်ဒီယာနာပိုလစ် တစ်မြို့တည်းတွင် လူမျိုးစုနှင့် ဘာသာစကားအုပ်စု အမျိုးမျိုးကို ဝန်ဆောင်မှုပေးသည့် ဘုရားကျောင်း အနည်းဆုံး ၇၄ ခုဖြင့် ထူးကဲသော ဘာသာရေးအခြေခံ အဆောက်အအုံတစ်ခုကို တည်ထောင်ခဲ့သည်။ ဤပြန့်ပွားမှုသည် ဘာသာရေးဆိုင်ရာ ကွဲပြားမှုထက် ဘာသာစကားဆိုင်ရာ လိုအပ်ချက်ကို ထင်ဟပ်စေသည်။ ချင်းပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ငါးသိန်းခန့်ထဲတွင် ဒေသိယစကား ၃၉ မျိုးရှိပြီးလျှင် မြန်မာနိုင်ငံတွင် လူမျိုးစု ၁၅၃ မျိုးတွင် ဘာသာစကား ၁၀၀ ကျော်ရှိပါသည်။
ဘုရားကျောင်းများသည် အရွယ်အစားအားဖြင့် သိသိသာသာ ကွဲပြားခြားနားကြပါသည်။ အချို့မှာ အသင်းဝင်နည်းပါးခြင်းနှင့် ရုန်းကန်နေရသော်လည်း အကြီးဆုံး ဘုရားကျောင်းနှစ်ခုသည် အသင်းဝင် ၃၀၀၀ ကို ဝန်ဆောင်မှုပေးကာ ၁၀၀၀ ဆံ့ ဘုရားကျောင်းများနှင့် တတိယအကြီးဆုံး ဘုရားကျောင်း သည် အသင်းဝင် ၂၀၀၀ ကို ဝန်ဆောင်မှုပေးကာ ၃၀၀၀ ဆံ့ အဆောက်အအုံများကိုလည်း ဆောက်လုပ်နေဆဲဖြစ်သည်။ ဤကွာဟချက်များသည် စိန်ခေါ်မှုများကို ဖန်တီးပေးသည်။ ဘုရားကျောင်းငယ်များသည် အင်္ဂလိပ်ဘာသာစကား လူငယ်အစီအစဉ်များကို ပံ့ပိုးနိုင်ခြင်းမရှိဘဲ ဘုရားကျောင်းကြီးများသည် သင်းအုပ်ဆရာ မြောက်များစွာနှင့် ကျယ်ပြန့်သော စေတနာ့ဝန်ထမ်း ကွန်ရက်များကို ခန့်အပ်ထားရှိသည်။
အမေရိကန်ပြည်ထောင်စုရှိ ချင်းနှစ်ခြင်းအသင်းတော်များ Chin Baptist Churches (CBCUSA) သည် အဖွဲ့ဝင် ၃၀,၀၀၀ ကျော်ရှိသော နိုင်ငံတစ်ဝှမ်းရှိ ဘုရားကျောင်းပေါင်း ၁၀၀ ကျော်အတွက် အမိုးအကာ အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး အင်ဒီယာနာပိုလစ်တွင် ရုံးချုပ်တည်၍ ထိန်းသိမ်းထားသည်။ ဤသို့ဖြင့် တရားဝင်ဖွဲ့စည်းထားပုံရှိသော်လည်း ဂိုဏ်းဂဏခေါင်းဆောင်မှုနှင့် ဒေသခံဘုရားကျောင်း များအကြား ဆက်သွယ်ရေးသည် စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ်နှင့် ရှိနေဆဲဖြစ်ပြီး ဘုရားကျောင်း ခေါင်းဆောင်များက သင်းအုပ်ဆရာ ရာပေါင်းများစွာထံမှ ဆက်သွယ်မှုများကို မကြာခဏ ဖတ်ကြား၍ ပြန်လည်ဖြေဆိုမှု မရှိခြင်း သို့မဟုတ် ဘုရားကျောင်းများသို့ မရောက်ရှိနိုင်ကြောင်း သတင်းပို့ကြသည်။
အင်ဒီယာနာပိုလစ်မြို့တွင် ရုံးချုပ်ရှိသော မြောက်အမေရိက ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့အစည်း The Chin Baptist Association North America (CBANA) သည်၊ ဖလမ်းချင်း ဘုရားကျောင်းများ၏ အသင်းအဖွဲ့တစ်ခုဖြစ်ပြီးလျှင် နိုင်ငံတစ်ဝှမ်းတွင်ရှိ ဘုရားကျောင်းပေါင်း ၄၀ ကျော်နှင့် အဖွဲ့ဝင် ၈၀၀၀ ကျော် ပါဝင်ကြသည်။
နှစ်ခြင်းခရစ်ယာန် အဖွဲ့များအပြင် အလားတူသည့် အဖွဲ့အစည်းများလည်း ရှိကြသေးသည်။ ဥပမာအားဖြင့် အင်ဒီယာနာပိုလစ်တွင် ချင်း ပင်တေကုတ္တေ အသင်းတော်များ Chin Pentecostal Churches USA (CPCUSA) နှင့် မတူ ခရစ်ယာန် အသင်းတော်များ Matu Christian Churches USA (MCCUSA) တို့သည်၊ ၎င်းတို့၏ သက်ဆိုင်ရာ ရိုးရာဓလေ့များအရ အသင်းတော်များကို ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ကြသည်။
စီးပွားရေးပေါင်းစည်းမှုနှင့် အလုပ်အကိုင်ပုံစံများ။
လူမှုအသိုင်းအဝိုင်း၏ စီးပွားရေးပေါင်းစည်းမှုသည် ဂိုဒေါင်နှင့် စက်ရုံလုပ်ငန်းများအပေါ်တွင် အဓိကရပ်တည်၍ နေသည်။ အလုပ်အကိုင် ခန့်ထားခြင်း၌ ကျွမ်းကျင်သူ၏ တင်ပြချက်မှာ၊ အလုပ်ရှင်တစ်ဦးသည် ဂိုဒေါင် ၁၂ ခုတွင် မြန်မာအလုပ်သမား ၇၀၀၀ ခန့်ရှိပြီး စက်ရုံတစ်ခုချင်းတွင် ဝန်ထမ်းစုစုပေါင်း ၂၇၀၀ အနက် ချင်းအလုပ်သမား ၂၂၀၀ ကို တစ်ခါတစ်ရံ အလုပ်ခန့်ထားလေ့ရှိသည်။ အခြားတစ်ခုတွင် နောက်ထပ်အလုပ်သမား ၂၀၀၀ မှ ၃၀၀၀ အထိ အလုပ်ခန့်ထားသည်။ ဤလူမှုစုစည်းအားကြောင့် ချင်းအလုပ်သမားများစွာတို့သည် ကြီးကြပ်ရေးမှူး၊ ဝန်ထမ်းခန့်ထားရေးနှင့် အဖွဲ့ခေါင်းဆောင် ရာထူးများသို့ တိုးမြှင့်လာကြခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ရာထူးတိုးမြှင့်မှု အခွင့်အလမ်းများစွာကို ရရှိခဲ့ကြသည်။
လုပ်ခလစာများသည် ကဏ္ဍအလိုက်ကွဲပြားသည်။
ဂိုဒေါင် (အကြီးဆုံးအလုပ်ရှင်): တစ်နာရီလျှင် ဒေါ်လာ ၁၈-၁၉
ဂိုဒေါင် (ဒုတိယအကြီးဆုံး): တစ်နာရီလျှင် ဒေါ်လာ ၂၀+
စက်ရုံများ: အစပိုင်း ဒေါ်လာ ၁၇
အခြားဂိုဒေါင်များ: ဒေါ်လာ ၁၆
အလုပ်အကိုင်ပုံစံများသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနှင့် ရောက်ရှိလာချိန်တွင်ရှိသော အသက်အရွယ်နှင့် သိသိသာသာ ဆက်စပ်နေပါသည်။ အသက် ၄၀ နှောင်းပိုင်းမှ ၅၀ ကျော်အတွင်း ရောက်ရှိလာသူများသည် အများအားဖြင့် အင်္ဂလိပ်ဘာသာစကား အနည်းဆုံးလိုအပ်ချက်ရှိသော ဂိုဒေါင်များနှင့် စက်ရုံများတွင် အလုပ်လုပ်ကြသည်။ အသက် ၃၀ အစောပိုင်းတွင် ရောက်ရှိလာပြီး အင်္ဂလိပ်စာ သင်ယူသူများသည် ဆေးရုံများ၊ အစိုးရရုံးများနှင့် လူမှုရေးဝန်ဆောင်မှုများတွင် ရုံးရာထူးများ ရရှိခဲ့ကြသည်။ ကြီးထွားလာသော စွန့်ဦးတီထွင် လုပ်ငန်းရှင်လူတန်းစားသည် အထူးသဖြင့် ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်ငယ်များကို လုပ်ကိုင်ကြပြီး အမေရိကန်ပညာရေး ရရှိခဲ့သော အငယ်ဆုံးမျိုးဆက်တို့မှာ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်များကို လိုက်စားကြသည်။
လူထုအဖွဲ့အစည်းများတွင် အံ့ဩဖွယ်ကောင်းသော အလုပ်အကိုင်လျှောက်လွှာများကို တစ်နှစ်လျှင် ၇၀၀၀ အထိ တစ်ဦးတည်းသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်သူများမှတစ်ဆင့် များပြားလှသော အရေအတွက်တို့ကို စီစစ်ဆောင်ရွက် ပေးကြသည်။ ကုမ္ပဏီများသည် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ပိုမိုလိုအပ်လာသောကြောင့် ၂၀၂၀ မတိုင်မီ ၉၀% အထိရောက်ရှိ အောင်မြင်ခဲ့သော စံနှုန်းများ ကျဆင်းလာပြီး မကြာသေးမီက ရောက်ရှိလာသူများအတွက် အတားအဆီး အသစ်များကို ဖန်တီးပေးနေသည်။
ဒုက္ခသည်ခရီးစဉ်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်။
အင်ဒီယာနာပိုလစ်သို့ သွားရာခရီးစဉ် လမ်းကြောင်းတွင် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် စောင့်ဆိုင်းခြင်း အဆင့်များစွာပါဝင်လေ့ရှိသည်။ ဒုက္ခသည်များသည် ဦးစွာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား သို့မဟုတ် အိန္ဒိယသို့ ထွက်ပြေးခဲ့ကြပြီး UNHCR ၏ ဒုက္ခသည် အဆင့်အတန်း စိစစ်ခြင်းကို စောင့်ဆိုင်းနေသော စခန်းများ သို့မဟုတ် မြို့ပြဒေသများတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ စောင့်ဆိုင်းချိန်များသည် သိသိသာသာကွဲပြားကြသည်။ အချို့မှာ၊ မလေးရှားတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ကြပြီး အချို့သော အဖွဲ့ဝင်များကမူ “လူအများစုမှာ မလေးရှားတွင် ၁၀ နှစ်မှ ၂၀ နှစ်အထိ နေထိုင်ကြသည်” ဟု သတင်းပို့ကြသည်။
အန္တရာယ်များရှိနေသော်လည်း မလေးရှားနိုင်ငံသည် ဦးစားပေး ဖြတ်သန်းသွားလာရသည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ဒုက္ခသည်များကို စခန်းများတွင်သာ ပိတ်လှောင်ထားသော ထိုင်းနိုင်ငံ သို့မဟုတ် ၎င်း၏ စျေးကြီးသောမြို့များနှင့် အလုပ်အကိုင်အကန့်အသတ်ရှိသော အိန္ဒိယတို့နှင့်မတူဘဲ၊ မလေးရှားသည် ဒုက္ခသည်စိစစ်မှုကို စောင့်ဆိုင်းနေစဉ်တွင် ပုံမှန်မဟုတ်သော အလုပ်သမားများအား အလုပ်အကိုင်ရှာဖွေခွင့်ပြုခဲ့သည်။ သို့သော်၊ ၎င်းသည် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးခြင်းနှင့် နှင်ထုတ်ခြင်းတို့ကို အဆက်မပြတ် ကြောက်ရွံ့ရခြင်းများနှင့်အတူ နေထိုင်လာခဲ့ကြသည်။
အမေရိကသို့ရောက်ရှိသည့် အချိန်တွင် ဒုက္ခသည်များသည်၊ လေယာဉ်ခကြွေးမြီကြောင့် ချက်ချင်းပင် ငွေကြေးဖိအားနှင့် ရင်ဆိုင်ခဲ့ကြရပြီး မိသားစုလေးယောက်အတွက် ပုံမှန်အားဖြင့် ဒေါ်လာ ၆၀၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြသည်။ ၂၀၀၈ ခုနှစ် ငွေကြေးအကျပ်အတည်းအတွင်း မိဘများသည် အချိန်ပိုင်း အလုပ်များသို့ တစ်လမ်းလျှင် မိနစ် ၄၅ လမ်းလျှောက်ရခြင်း၊ အန္တရာယ်ရှိသော အခြေအနေများတွင် အဝေးပြေးလမ်းမကြီးများကို ဖြတ်ကျော်သွားရခြင်းတို့ကြောင့် ဒုက္ခရောက်ရကြောင်းကို လူမှုအသိုင်းအဝိုင်းဝင်များက ပြောပြခဲ့ကြသည်။ မိဘများ ဘေးကင်းစွာပြန်ရောက်သည်အထိ ကလေးများက နိုးနေကြပြီး မိသားစု၏ ရှင်သန်ရပ်တည်ရေးအတွက် အဆက်မပြတ်ပင် ကြောက်ရွံ့စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ခဲ့ကြရသည်။
ပညာရေးအရ ဆီလျော်အောင် ပြုလုပ်ခြင်းနှင့် မျိုးဆက်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပြောင်းလဲမှု။
ဘုရားကျောင်းများသည် ပညာရေးဆိုင်ရာ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းအတွက် အဓိကနေရာများ ဖြစ်လာခဲ့ရသည်။ အဓိက ဘုရားကျောင်းများသည် ကလေး ၆၀၀ အတွက် စေတနာ့ဝန်ထမ်း ၈၀ ဦးနှင့် ဆရာ၊ ဆရာမများဖြင့် ဝန်ဆောင်မှုပေးသည့် ကြီးမားသော တနင်္ဂနွေကျောင်း အစီအစဉ်များကို လည်ပတ်လျက်ရှိသည်။ မိခင်ဘာသာစကားမှ အင်္ဂလိပ်ဘာသာ စကားသင်ကြားမှုသို့ ကူးပြောင်းခြင်းသည်၊ အရေးကြီးသော လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းတစ်ခုဖြစ်သည်။ လူမျိုးစုခေါင်းဆောင်များက ချင်းဘာသာသီးသန့်ပညာရေးမှ အင်္ဂလိပ်ဘာသာစကားကို ဦးစားပေးသည့် နှစ်ဘာသာပညာရေးသို့ ကူးပြောင်းယူရန် အလုပ်ရုံဆွေးနွေးပွဲများ၊ ဆရာ၊ ဆရာမသင်တန်းနှင့် ဘုရားကျောင်းဆွေးနွေးပွဲများပါဝင်သည့် နှစ်ပေါင်းများစွာရှည်ကြာမည့် လုပ်ငန်းစဉ်များကို ဖော်ပြကြသည်။
သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်ရေးသည် ပိုမို၍ရှုပ်ထွေးလာခဲ့သည်။ မြောက်အမေရိကရှိ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဘုရားကျောင်းငယ်များအတွက် သင်ကြားမှု ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသော်လည်း၊ ဘုရားကျောင်းကြီးများသည် ၎င်းတို့၏ကိုယ်ပိုင် အသက်အရွယ်အလိုက် သင်ရိုးညွှန်းတမ်းများကို တီထွင်လာကြသည်။ ဤကြိုးပမ်းအားထုတ်မှုများတွင် ယဉ်ကျေးမှုနှင့် ဓမ္မပညာဆိုင်ရာ အခြေခံများကို ပံ့ပိုးပေးသော အသိုင်းအဝိုင်းဝင်များနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားနည်းကို နားလည်ကြသော အမေရိကန်တွင် လေ့ကျင့်သင်ကြားထားသည့် ဆရာဆရာမများ ပါဝင်ကြသည့် အဖွဲ့များဖြစ်ကြသည်။
မိခင်ဘာသာစကားများ သင်ကြားပေးသည့် နွေရာသီအစီအစဉ်များသည် ဘာသာစကားအမွေအနှစ်ကို ထိန်းသိမ်းရန် ကြိုးစားခြင်းဖြစ်သော်လည်း၊ မျိုးဆက်တစ်ခုပြီး တစ်ခုမှာ အင်္ဂလိပ်ဘာသာ၏ လွှမ်းမိုးမှု မြင့်တက်လာသည်နှင့်အမျှ အောင်မြင်မှုမှာလည်း အကန့်အသတ်ရှိနေဆဲဖြစ်သည်။ သုံးပတ်ကြာကာလ ဘုရားကျောင်းများက အထူးကြပ်မတ်၍ ချင်းဘာသာစကားပြော စခန်းများကို စီစဉ်ပေးသော်လည်း၊ ကလေးများ၏ ကျောင်းပညာ အောင်မြင်မှုအတွက် အင်္ဂလိပ်ဘာသာစကား လိုအပ်သည့်အတိုင်း၌ ဘာသာစကားများကို ထိန်းသိမ်းရန် စိန်ခေါ်မှုကို လူမျိုးစုခေါင်းဆောင်များက အသိအမှတ်ပြုကြသည်။
စိတ်ကျန်းမာရေးနှင့် အထူးလိုအပ်ချက်များ။
စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည် လူမှုအသိုင်းအဝိုင်းတွင် ပျံ့နှံ့နေပါသည်။ နှိပ်စက်ညှဉ်းပန်းမှုမှ လွတ်မြောက်လာကြသည့် အရွယ်ရောက်ပြီးသူများသည် ပြန်လည်နေရာချထား ပေးပြီးသည့်နောက် နှစ်ပေါင်းများစွာ ရဲကားဥသြသံကို ဆက်လက်ကြောက်ရွံ့နေရသည့် အဖြစ်သည် စိတ်ဒဏ်ရာတုံ့ပြန်မှုများကို ပြသကြသည်။ လူမှုအဖွဲ့အစည်းများတွင် သင်းအုပ်ဆရာများ ဖြစ်ကြသည့် ချင်းရိုးရာကုထုံးပညာရှင်များမှ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် ဆေးဝါးကုသခြင်း လေ့ကျင့်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုတို့ကို ပေါင်းစပ်ကာ ဤလိုအပ်ချက်များကို ဖြေရှင်းရန် စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။
အထူးသဖြင့် စိုးရိမ်စရာပုံစံတစ်ခုမှာ အော်တစ်ဇင်ရောဂါရှာဖွေတွေ့ရှိမှုဖြစ်သည်။ ဘုရားကျောင်းကြီး များတွင် ဘုရားကျောင်းတစ်ခုတည်းတွင် အော်တစ်ဇင်(autism)ရောဂါရှိသော ကလေး ၅၀ ခန့် ရှိကြောင်း သတင်းပို့ထားပြီး၊ တက္ကသိုလ်သုတေသနအဖွဲ့များက မြန်မာကလေးများ အဘယ်ကြောင့် ဖြစ်ပွားနှုန်းမြင့်မားသည်ကို စုံစမ်းစစ်ဆေးနေကြသည်။ ရပ်ရွာအဖွဲ့ဝင်များက “မိသားစု ၁၀ စုတွင် တစ်ဦး သို့မဟုတ် နှစ်ဦး” သည် အော်တစ်ဇင်ရောဂါဖြစ်နိုင်ခြေရှိသည်ဟု ယူဆသောကြောင့် ကလေးယူခြင်းနှင့်ပတ်သက်၍ လူငယ်စုံတွဲများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများစွာ ရှိနေကြောင်းကို ဖော်ပြကြသည်။
ဘုရားကျောင်းများတွင် အထူးသင်ကြားလေ့ကျင့်ထားသည့် ပညာရေးဆရာများကို ခန့်အပ်ခြင်းနှင့် အာရုံခံစားသိရှိမှုနှင့် သင့်လျော်သောနေရာ ဝန်ကျင်များကို ဖန်တီးခြင်းဖြင့် အထူးအစီအစဉ်များကို တီထွင်ခဲ့ကြသည်။ မိသားစုအချို့သည် ဤဝန်ဆောင်မှုများအတွက် အခြားပြည်နယ်များမှ ပြောင်းရွှေ့၍ လာကြသည်။ ဤအစီအစဉ်များ၏ အောင်မြင်မှုသည်၊ ယခင်က ၎င်းတို့၏ကလေးများ၏ အပြုအမူတို့ နှင့်ပတ်သက်၍ ဝေဖန်ခံရမှုကြောင့် ဘုရားကျောင်းသွားရန် ရှောင်ရှားခဲ့ကြသော မိသားစုများကိုလည်း ဆွဲဆောင်ခဲ့သည်။
အင်ဒီယားနားပြည်နယ် ချင်းလူမှုအသိုင်းအဝိုင်း (CCI) မှ ဦးဆောင်သော လူငယ်စိတ်ကျန်းမာရေး လှုပ်ရှားမှုများသည် လုပ်ဆောင်နိုင်စွမ်း ပိုလွန်ခဲ့ပြီး ဘုရားကျောင်းများစွာတွင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး နောက်ဆုံးတွင် လူငယ် ၅၀၀ ခန့်အထိ တက်ရောက်ခဲ့ကြပြီး စီစဉ်သူများ ကနဦးမျှော်လင့် ထားသည်ထက် များစွာပိုမိုများပြားခဲ့သည်။ ပါဝင်ကြသည့် လူငယ်များသည် ၎င်းတို့၏မိဘများအတွက် အလားတူ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တောင်းဆိုခဲ့ကြပြီး စိတ်ကျန်းမာရေးဗဟုသုတနှင့် ရင်ဆိုင်ဖြေရှင်းရေးဗျူဟာများတွင် မျိုးဆက်ကွာဟချက်များကို အသိအမှတ်ပြုခဲ့ကြသည်။ အင်ဒီယားနားပြည်နယ် ချင်းလူမှုအသိုင်းအဝိုင်း CCI မှ ခေါင်းဆောင်များက ဒေတာအချက်အလက် ကွာဟချက် ကြာရှည်နေသောကြောင့် ထိုကဲ့သို့သော အသိုင်းအဝိုင်းမှ ထုတ်ပေးသော ကိန်းဂဏန်းများသည် အထူးအရေးကြီးကြောင်း အလေးပေးပြောကြားကြသည်။ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ အာရှအမေရိကန် လူဦးရေတို့တွင် စိတ်ကျန်းမာရေးကို တိကျစွာကိုင်တွယ် ဖြေရှင်းသည့် သုတေသန သို့မဟုတ် စာရင်းအင်းများကို ရှာဖွေရန် ခက်ခဲနေဆဲဖြစ်သောကြောင့် အသိုင်းအဝိုင်း၏ ကိုယ်ပိုင်ဒေတာ အချက်အလက်နှင့် လေ့လာတွေ့ရှိချက်များသည် သိသာထင်ရှားသော ကွာဟချက်ကို ဖြည့်ဆည်းရန် ကူညီပေးသည်။
လူမှုအသိုင်းအဝိုင်း စိန်ခေါ်မှုများ၊ ဂိုဏ်းများမှ ယဉ်ကျေးမှုထိန်းသိမ်းရေးအထိ။
လူမျိုးစု အသိုင်းအဝိုင်းသည်၊၂၀၁၇-၂၀၁၈ ခုနှစ်ဝန်းကျင်တွင် အလယ်တန်းကျောင်းများမှ အဖွဲ့များကို စုဆောင်းခြင်းဖြင့် လူငယ်ဂိုဏ်း အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။ အခြေအနေသည် ပစ်ခတ်မှုများ အထိမြင့်တက်လာခဲဲ့ပြီး အသိုင်းအဝိုင်း အဖွဲ့ဝင်များကို အပြီးအပိုင် မသန်မစွမ်း ဖြစ်စေခဲ့သည်။ ခေါင်းဆောင်များက အမေရိကန်လူငယ် ယဉ်ကျေးမှုကို ဖြတ်သန်းနေကြသော ကလေးများကို ကြီးကြပ်ကွပ်ကွဲမှု မရှိဘဲ၊ အလုပ်များစွာ လုပ်ကိုင်နေကြသော မိဘများကြောင့် အကျပ်အတည်း အခက်အခဲဖြစ်ရသည်ဟု ဆိုကြသည်။
လိုအပ်သည့် တုံ့ပြန်မှုအတွက် ဘုရားကျောင်းများ၊ စာသင်ကျောင်းများနှင့် ဥပဒေစိုးမိုးရေးတို့အကြား မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှု လိုအပ်ခဲ့သည်။ ပယ်ရီမြို့နယ် ကျောင်းအုပ်ကြီးသည် လူမျိုးစု အသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် နှစ်လတစ်ကြိမ် တွေ့ဆုံသည်။ ရဲအရာရှိများကလည်း ဘုရားကျောင်းများတွင် ဂိုဏ်းအန္တရာယ်များ အကြောင်းကို အပတ်စဉ် တင်ပြကြသည်။ နှစ်နှစ်မှ သုံးနှစ်အတွင်း ညှိနှိုင်းဝင်ရောက် စွက်ဖက်မှုကြောင့် ဂိုဏ်းရှိနေခြင်းကို အများအားဖြင့် ဖယ်ရှားပစ်ခဲ့သော်လည်း ရပ်ရွာက သတိရှိနေဆဲဖြစ်သည်။
အင်ဒီယားနားပြည်နယ် ချင်းလူမှုအသိုင်းအဝိုင်း (CCI) မှ ခေါင်းဆောင်များက ဤအောင်မြင်မှုများသည် စာရင်းဇယား အချက်အလက် ကွာဟချက်များစွာ ရှိသောကြောင့် တရားဝင်စာရင်းအင်းများတွင် ခွဲခြားသိမြင်ရန် ခက်ခဲကြောင်း ထောက်ပြကြသည်။ အင်ဒီယားနားပိုလစ် မြို့တော်ရဲဌာနမှ လူမှုအသိုင်းအဝိုင်းတွင် ပါဝင်ဆောင်ရွက်မှုအရာရှိနှင့် တွေ့ဆုံစဉ်တွင် အာရှတိုက်သား အများအပြားသည် ဘာသာစကား အတားအဆီးများ၊ တရားဥပဒေစနစ်များကို လမ်းညွှန်ရာတွင် အခက်အခဲများနှင့် ရဲအရာရှိများကို “စိတ်ဒုက္ခ အနှောင့်အယှက်ပေးရန်” တွန့်ဆုတ်မှုများကြောင့် ရာဇဝတ်မှုများကို မတိုင်ကြားကြကြောင်း ပြောကြားခဲ့ပြီး ယင်းက လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေသော အကြမ်းဖက်မှု၏ ပမာဏအမှန်ကို မှုန်ဝါးစေသည်။ တစ်ချိန်တည်းမှာပင်၊ မကြာသေးမီက အစည်းအဝေးတစ်ခုတွင် ဆောက်ပို့တ် Southport မြို့ ရဲမှူးကြီးက ချင်းလူငယ်ဂိုဏ်းနှင့် သေနတ်အကြမ်းဖက်မှုနှင့် ပတ်သက်၍ မကြာသေးမီ ၂၀၂၅ ခုနှစ် နွေရာသီသည်၊ မှတ်မိသလာက်တွင် အငြိမ်သက်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘုရားကျောင်းများ၊ ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းများ၏ တိုးတက်မှုများကို အလေးပေးဖော်ပြခဲ့သည်။
ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ဆယ်စုနှစ်များစွာက မြန်မာနိုင်ငံမှ ထွက်ခွာလာကြသော မိဘများသည် ၎င်းတို့၏ ထွက်ခွာလာမှု၏ အခိုက်အတန့်တွင် ယဉ်ကျေးမှုကလည်း ရပ်တန့်နေခဲ့ပြီး မြန်မာနိုင်ငံကိုယ်တိုင်က ဆက်လက်၍ တိုးတက်ပြောင်းလဲ နေသည်။ ကလေးများသည် ထိုပုံစံမျိုးဖြင့် မရှိတော့သော မွေးရပ်မြေအပေါ် အခြေခံသည့် မိဘများ၏ မျှော်လင့်ချက်များနှင့် ချိတ်ဆက်မိရန် ရုန်းကန်နေကြရသည်။ ဤတွင် “ယဉ်ကျေးမှု ရုပ်ကြွင်းများ တိုးပွားလာခြင်း”သည် မိဘများက အမေရိကန်တွင် ကြီးပြင်းလာသော ကလေးများအပေါ် ခေတ်မမီတော့သော မူဘောင်များဖြင့် အသုံးချခြင်းကြောင့် မျိုးဆက်များအကြား ပဋိပက္ခကို ဖန်တီးပေးသည်။
ဓမ္မပညာဆိုင်ရာတင်းမာမှုများနှင့် ဂိုဏ်းဂဏဆိုင်ရာရှုပ်ထွေးမှုများ။
သိသာထင်ရှားသောစိန်ခေါ်မှုတစ်ခုမှာ ဂိုဏ်းဂဏဆိုင်ရာ ဝိသေသလက္ခဏာ ပြောင်းလဲမှုများဖြစ်သည်။ အမေရိကန်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းများနှင့် သမိုင်းကြောင်းအရ ဆက်နွယ်မှုရှိသော်လည်း၊ (နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ သာသနာပြု ဆက်သွယ်မှုများအထိ ခြေရာခံခြင်း)၊ ငယ်ရွယ်သော ကျမ်းစာသင်ကြားယူသည့် ကျောင်းသား ၉၀% ကျော်သည်၊ ယခုအခါ တောင်ပိုင်းဒေသ နှစ်ခြင်း Southern Baptist အဖွဲ့အစည်းများတွင် လေ့ကျင့်သင်ကြားလျက် ရှိကြသည်။ ငွေကြေးဆိုင်ရာ ဆွဲဆောင်မှုမှာ သိသာထင်ရှားသည်။ Southern Baptist ကျမ်းစာသင်ကျောင်းများတွင် အဖွဲ့ဝင်များအတွက် ပညာသင်ကြေး ၅၀% လျှော့ချပေးပါသည်။
ဤပြောင်းလဲမှုသည် အမေရိကန် နှစ်ခြင်းခရစ်ယာန် အစဉ်အလာကို လိုက်နာသည့် CBCUSA တွင် လက်ရှိလက်ခံထားသော အမျိုးသမီးများ သင်းအုပ်အရာ ခံယူခြင်းကဲ့သို့သော အလေ့အကျင့်များနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပေါ်စေပါသည်။ တောင်ပိုင်း နှစ်ခြင်းခရစ်ယာန် သင်တန်းသား သင်းအုပ်ဆရာများက ခေါင်းဆောင်မှု ရယူလာသည်နှင့်အမျှ လူ့အဖွဲ့အစည်း ခေါင်းဆောင်များသည် အနာဂတ်တွင် ကွဲပြားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်ကြသည်။ မြန်မာနိုင်ငံမှာ “နှစ်ခြင်းခရစ်ယာန်”သည် အမေရိကန် ဂိုဏ်းဂဏ ခွဲခြားမှုမျိုး မရှိဘဲ စည်းလုံးညီညွတ်သော အမှတ်လက္ခဏာကို ကိုယ်စားပြုသောကြောင့် ရှုပ်ထွေးမှုများ ပိုမိုဆိုးရွားလာပါသည်။
ဘာသာစကားကွဲပြားမှုနှင့် မျိုးဆက်ပြောင်းလဲမှု။
အင်ဒီယာနာပိုလစ်မြို့ရှိ ချင်းလူမျိုးအသိုင်းအဝိုင်းသည် လူဦးရေ ငါးသိန်းခန့်တွင် ဒေသိယစကား ၃၉ မျိုးရှိသည့် ချင်းပြည်နယ်၏ ဘာသာစကားကွဲပြားမှုကို ထင်ဟပ်စေသည်။ ဒေသိယစကား အုပ်စုအမျိုးမျိုးသည် ၎င်းတို့၏ မိခင်ဘာသာ စကားများဖြင့် ဝတ်ပြုကိုးကွယ်မှုကို ထိန်းသိမ်းရန် သီးခြားရပ်တည်သည့် အသင်းတော်များကို တည်ထောင်ခဲ့ကြပြီး မြို့တစ်ဝှမ်းရှိ ဘုရားကျောင်းများစွာကို ဖန်တီးပေးခဲ့သည်။ ဤဘာသာစကား ကွဲပြားမှုသည်၊ ယဉ်ကျေးမှုထိန်းသိမ်းရေး အတွက် အခွင့်အလမ်းများနှင့် အသိုင်းအဝိုင်းတစ်ခုလုံး၏ ပေါင်းစပ်ညှိနှိုင်းမှုအတွက် စိန်ခေါ်မှုများ နှစ်မျိုးလုံးကို ဖြစ်ပွားစေသည်။
လူငယ်မျိုးဆက်တွင် မျှော်လင့်ချက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ပေါ်ပေါက်လာပါသည်။ အမေရိကန်တွင် မွေးဖွားသော မတူညီသော ဒေသိယစကားအုပ်စုများမှ လူငယ်များသည် ရိုးရာဘာသာစကား နယ်နိမိတ်များကို ဖြတ်ကျော်၍ ပိုမိုလွတ်လပ်စွာ ဆက်ဆံကြပြီး လူငယ်များ ပူးတွဲလှုပ်ရှားမှုများ၊ အားကစားပွဲများနှင့် ပညာရေးအစီအစဉ်များတွင် ပါဝင်ကြသည်။ ဤသဘာဝကျသော ပေါင်းစည်းမှုသည် သမိုင်းဝင် ဒေသဆိုင်ရာ ခွဲခြားမှုများကို ကျော်လွန်ပြီး မတူညီသော အမွေအနှစ်များကို လေးစားသည့် မျှဝေခံစားထားသော ချင်းအမေရိကန် အမှတ်လက္ခဏာတစ်ရပ် ပေါ်ပေါက်လာခြင်းကို ညွှန်ပြနေသည်။ လူငယ်များစွာသည် မိဘများ၏ ဘာသာစကား အစဉ်အလာများကို လေးစားမှု ထိန်းသိမ်းထားစဉ် အင်္ဂလိပ်စကားကို ၎င်းတို့၏ အဓိကဘာသာစကားအဖြစ် ပြောဆိုကြပြီး နောင်လာမည့် မျိုးဆက်များတွင် စည်းလုံးညီညွတ်မှုကို ခိုင်မာစေမည့် အသိုင်းအဝိုင်းများအကြား ပေါင်းကူးတံတားများကို ဖန်တီးပေးပါသည်။
၂၀၂၄ ခုနှစ် ဆောင်းဦးရာသီတွင် အင်ဒီယားနားပြည်နယ်ရှိ ချင်းလူမှုအသိုင်းအဝိုင်းသည်၊ ပယ်ရီမြို့နယ် ကျောင်းများနှင့် ပူးပေါင်း၍ မြို့နယ်အထက်တန်းကျောင်း နှစ်ခုလုံးတွင် ချင်းအမွေအနှစ် ဘာသာစကား သင်တန်းကို မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် ဟားခါးချင်းဘာသာ တစ်ခုတည်းကိုသာ သင်ကြားပေး နိုင်ခဲ့သော်လည်း ဤအတန်းသည် ကျောင်းသားများအား ပါးစပ်ဖြင့် ကျွမ်းကျင်စွာ ပြောဆိုခြင်းထက် ၎င်းတို့၏မိခင်ဘာသာစကားဖြင့် စာဖတ်ခြင်းနှင့် ရေးသားခြင်းကို လေ့လာရန် ရှားရှားပါးပါးဖြစ်သော အခွင့်အရေးကို ပေးခဲ့ပါသည်။
စီးပွားရေး အနစ်နာခံ ပူဇော်မှုနှင့် နိုင်ငံတကာ ပံ့ပိုးမှု။
စီးပွားရေး ရုန်းကန်မှုများ ရှိနေသော်လည်း၊ အသိုင်းအဝိုင်းသည် ကျယ်ပြန့်သော နိုင်ငံတကာ ကတိကဝတ်များကို ထိန်းသိမ်းထားသည်။ ဘုရားကျောင်းများသည် နှစ်စဉ် ဒေါ်လာ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ သာသနာပြု ဘတ်ဂျက်များကို အစီရင်ခံတင်ပြပြီး အဓိကအားဖြင့် မြန်မာနိုင်ငံရှိ သာသနာပြု ၃၀ ကို ထောက်ပံ့ပေးသည်။ တစ်ဦးချင်း အလုပ်သမားများသည် ပထဝီဝင်ဒေသများ ကွဲပြားနေသော်လည်း ဆက်သွယ်မှုများကို ထိန်းသိမ်းထားသော တိုးချဲ့မိသားစု ကွန်ရက်များထံ ငွေလွှဲများစွာ ပေးပို့ကြသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် ဤဆက်သွယ်မှုများကို ပိုမို ရှုပ်ထွေးစေသော်လည်း ပိုမို၍ အားကောင်းကာ ပြင်းထန်စေသည်။ ဘုရားကျောင်းများသည် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီများကို ဖန်တီးဖွဲ့စည်းခဲ့ပြီး အမေရိကန် ဂိုဏ်းဂဏ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ခံအားပေးမှု လုပ်ငန်းတို့အတွက် လက်တွဲဆောင်ရွက်ခဲ့သည်။ သို့သော်၊ မြန်မာနိုင်ငံသို့ တိုက်ရိုက် ခရီးသွားလာမှု ရပ်တန့်သွားပြီး သာသနာပြု လုပ်ငန်းများသည် အိန္ဒိယနိုင်ငံရှိ နယ်စပ်ဒေသများနှင့် ဒုက္ခသည်စခန်းများသို့ ဦးတည်သွားလာသည်။
အနာဂတ် အလားအလာ လမ်းကြောင်းများ။
အင်ဒီယာနာပိုလစ်မြို့ရှိ မြန်မာခရစ်ယာန် ရွှေ့ပြောင်းနေထိုင်သူများသည်၊ လမ်းဆုံလမ်းခွများစွာတွင် ရပ်တည်နေကြသည်။ ဘာသာစကားအရ ခေါင်းဆောင်များက တသီးတခြား အင်္ဂလိပ်စကားပြောသည့် ဘုရားကျောင်းများသည် တတိယမျိုးဆက် အရွယ်ရောက်ပြီးသောအခါ နောင်နှစ် ၂၀ မှ ၃၀ အထိ ပေါ်ပေါက်လာမည် မဟုတ်ဟု ခန့်မှန်းကြသည်။ လက်ရှိတွင်မူ၊ မိဘများက ဒုတိယမျိုးဆက် လူငယ်များကို တိုင်းရင်းသားဘုရားကျောင်းများတွင် ဆက်လက်ထားရှိရန် လုံလောက်သော ထိန်းချုပ်မှုကို ထိန်းသိမ်းထားသော်လည်း၊ ဤလွှမ်းမိုးမှုသည် မျိုးဆက်တိုင်းနှင့်အတူ ဆက်လက်၍ အားနည်းလာသည်။
ပညာရေးအောင်မြင်မှုများက စီးပွားရေးအရ ရွှေ့ပြောင်းလှုပ်ရှားနိုင်မှုကို ညွှန်ပြနေသည်။ လူထုအဖွဲ့အစည်းများက မြန်မာလူငယ်များကြားတွင် ကောလိပ်ပညာ ပြီးဆုံးမှုနှုန်း မြင့်မားနေကြောင်း သတင်းပို့ထားပြီး ဂိုဒေါင်အလုပ်ထက်ကျော်လွန်၍ ရွှေ့ပြောင်းလှုပ်ရှားနိုင်ခြေကို ညွှန်ပြနေသည်။ သို့သော်၊ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာသည်။ မိဘလောင်းများ စိုးရိမ်ပူပန်သော autism အော်တစ်ဇင်နှုန်းထားများ၊ ကြီးကြပ်မှုမရှိသော လူငယ်များအတွက် ဂိုဏ်းဂဏအန္တရာယ်များနှင့် လက်ရှိဝန်ဆောင်မှုများက အပြည့်အဝ မဖြေရှင်းပေးနိုင်သော စိတ်ကျန်းမာရေးလိုအပ်ချက်များ ဖြစ်ကြသည်။
ဆောက်လုပ်နေဆဲ လူ ၃၀၀၀ ဆံ့ ဘုရားကျောင်းများ အပါအဝင် ဘာသာရေးအခြေခံ အဆောက်အအုံများတွင် အသိုင်းအဝိုင်း၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုသည်၊ အင်ဒီယာနာပိုလစ်မြို့ကို ယာယီခိုလှုံရာနေရာထက် အမြဲတမ်းနေအိမ်အဖြစ် ယုံကြည်မှုကို ကိုယ်စားပြုပါသည်။ ဤအဖွဲ့အစည်းများသည် လုပ်ဆောင်ချက်များစွာကို ဆောင်ရွက်ကြသည်။ အမေရိကန်ပေါင်းစည်းမှုကို လွယ်ကူချောမွေ့စေစဉ် မွေးရပ်မြေအမှတ်တရများကို ထိန်းသိမ်းခြင်း၊ ပိုမိုကျယ်ပြန့်သော စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးစဉ် လူမျိုးရေးနယ်နိမိတ်များကို ထိန်းသိမ်းခြင်း၊ ပထမမျိုးဆက်၏ စွန့်လွှတ်အနစ်နာခံမှုများကို လေးစားခြင်းနှင့်အတူ ဒုတိယမျိုးဆက်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ ပါဝင်ကြသည်။
အင်ဒီယာနာပိုလစ်မြို့ကို မြန်မာနိုင်ငံရှိ ခရစ်ယာန်ဒုက္ခသည်များအတွက် အဓိကဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲလာခြင်းသည်၊ မှတ်သားဖွယ်ကောင်းသော ခံနိုင်ရည်ရှိမှုနှင့် ဆက်လက်ဖြစ်ပေါ်နေသော အားနည်းချက်နှစ်မျိုးလုံးကို ကိုယ်စားပြုသည်။ ဘုရားကျောင်းများ၊ ရပ်ရွာအဖွဲ့အစည်းများနှင့် တရားဝင်မဟုတ်သော ကွန်ရက်များမှတစ်ဆင့် ဒုက္ခသည်ထောင်ပေါင်းများစွာသည် ဘာသာစကားကွဲပြားမှု၊ စီးပွားရေးမတည်ငြိမ်မှု၊ မျိုးဆက်တစ်ခုနှင့်တစ်ခု တင်းမာမှုနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများကို ကျော်လွှားရင်း အပြန်အလှန်ပံ့ပိုးမှုအတွက် စနစ်များကို ဖန်တီးခဲ့ကြသည်။ ၎င်းတို့၏ဇာတ်လမ်းများသည် ဒုက္ခသည်ရပ်ရွာများကို နောက်တစ်ကြိမ် မတွေ့ရတော့မည့် မွေးရပ်မြေများနှင့် ချိတ်ဆက်မှုကို ထိန်းသိမ်းနေစဉ် ဘဝသစ်များတည်ဆောက်ပုံကို ရှင်းလင်းစွာဖော်ပြပြီး အမေရိကန် သို့မဟုတ် မြန်မာလူမျိုး မဟုတ်ဘဲ ၎င်းတို့၏ကိုယ်ပိုင် ထူးခြားသည့် ရောနှောခြင်းလက္ခဏာကို ဖန်တီးကြသည်။
ဒ ေါက်တာ ဒ ေးဗစ် စီ ဒ ာင်(Dr. David C. Chao)သည်၊ ပရင်စတန် ဓမ္မပညာ သင်တန်ေးဒက ာင်ေး (Princeton Theological Seminary)တွင် အာရှအဒမ္ရိကန် ရစ်ယာန် ဘာသာဒရေး ဗဟိိုဌာန ၏ ညွန်ကကာေးဒရေးမ္ ေး ( ေါရိ ိုက်တာ) ဖြစ်သည်။ သူသည်၊ အာရှ အဒမ္ရိကန် ဓမ္မပညာနှင ် ဆက်စပ်ဒသာ သင်တန်ေးမ္ ာေးကိို သင်ကကာေးဒပေးပပီေး အာရှအဒမ္ရိကန် ဓမ္မပညာနှင ် ဓမ္မအမ္ှုဒတာ်ဒဆာင်ဖ င်ေးဆိ ိုင်ရာ အစီအစဉ်မ္ ာေးကိို စီစဉ်ဒပေးသည်။ သူ၏ သိုဒတသနနှင ် စာဒရေးသာေးဖ င်ေးသည် ဖပည်ပဒရာက် သာမ္န် အာရှ ရစ်ယာန်မ္ ာေး၏ ယ ိုကကည်ဖ င်ေးနှင ် အဒလ အက င ်မ္ ာေးအဖပင် လွတ်ဒဖမ္ာက်ဒရေးအတွက် ရစ်ယာန် အယူဝေါ ကိို အသ ိုေးဖပြုဖ င်ေး၊ ပရိ ိုတက်စတင ်နှင ် ကက်သလစ်အယူဝေါ မ္ ာေး၏ ဒပေါင်ေးစည်ေးဖ င်ေးနှင ် ကွွဲဖပာေးဖ င်ေးနှင ် ကာေးလ် ဘာ သ်၏ ဓမ္မပညာ (the theology of Karl Barth)တိို ကိို အဓိကထာေးသည်။ အာရှ အဒမ္ရိကန် ဘာသာဒရေး ဘဝနှင ် နိ ိုင်င ဒရေးဆိ ိုင်ရာ သူ၏ သိုဒတသနကိို The Henry Luce Foundation၊ Louisville Institute နှင ် APARRI မ္ှ ရန်ပ ိုဒငွဒထာက်ပ ထာေးသည်။ CAAC ၏ ေါရိ ိုက်တာအဒကကာင်ေး ဤဒနရာ တွင် ပိ ိုမ္ိိုြတ်ရှုပေါ။




